KBZMS အထွေအထွေအာမခံကုမ္ပဏီလီမိတက်သည် KBZ GI Holding Company နှင့် Mitsui Sumitomo Insurance (MSI) တို့ကို ပူးပေါင်းဆောင်ရွက်ထားသော အာမခံလုပ်ငန်းတစ်ခုဖြစ်သည်။ MSI သည် အထင်ကရ ဂျပန်အာမခံကုမ္ပဏီတစ်ခုအနေဖြင့် အာမခံထုတ်ကုန်အမျိုးမျိုးကို ကျယ်ပြန့်စွာလုပ်ဆောင်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။ MSI ၏ အာမခံဝန်ဆောင်မှုများတွင် အထွေထွေအာမခံ၊ အသက်အာမခံနှင့် ငွေကြေးဝန်ဆောင်မှုများ အပါအဝင် နိုင်ငံတကာဘဏ္ဍာရေး ဝန်ဆောင်မှုများအား အဓိကထားပြီး ASEAN နိုင်ငံများ, ဩစတြေးလျ, နယူးဇီလန်, ဟောင်ကောင်, တရုတ်, ကိုးရီးယား, အိန္ဒိယ နှင့် ထိုင်ဝမ်တို့တွင် အာမခံလုပ်ငန်းများကိုကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသည်။
KBZMS အထွေအထွေအာမခံကုမ္ပဏီလီမိတက်သည် မြန်မာ့ပထမဦးဆုံး တရားဝင်လိုင်စင်ရ ပုဂ္ဂလိကအာမခံကုမ္ပဏီအဖြစ် လိုင်စင်အမှတ် ၀၀၁ ကိုရရှိခဲ့ပြီး IKBZ အမည်ဖြင့် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် စတင်ထူထောင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်အာမခံကုမ္ပဏီဖြစ်သည့် MSIG နှင့် လက်တွဲပူးပေါင်းပြီးနောက် KBZMS ဟူသော အမည်သစ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အာမခံဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်ကာ KBZMS သည် မတူကွဲပြားသောအာမခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ဖြင့် Industrial All Risks, Construction All Risk/Erection All Risk, and Bailee’s Liability Insurance အာမခံများဝန်ဆောင်များကို တိုးချဲ့ခဲ့ပါသည်။
KBZMS အထွေအထွေအာမခံကုမ္ပဏီလီမိတက်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ စစ်တွေ၊ မကွေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပဲခူး၊ မော်လမြိုင်၊ မြိတ်၊ မြင်းခြံ၊ တာချီလိတ်၊ ဟင်္သာတနှင့် တောင်ငူစသည့် ၂၁ မြို့တွင် ရုံးခွဲ ၂၃ ခုဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရှိ လူနေမှုအရည်အသွေးတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ကာ သင့်တော်သော အာမခံဖြေရှင်းချက်များ ပံ့ပိုးပေးရန် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
နိုင်ငံတကာတွင် ထိပ်တန်းအထွေထွေအာမခံကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခံရသည့် KBZMS သည် Customers များ စိတ်ကျေနပ်မှုရရှိရန် ကျွန်ုပ်တို့၏ကတိကဝတ်ကို ဆက်လက်လုပ်ဆောင်သွားပါမည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်
မှန်ကန်တဲ့အာမခံဝန်ဆောင်မှုများပေးအပ်ခြင်းမှတစ်ဆင့် မြန်မာပြည်သူများရဲ့ လူနေမှုဘဝတွေကို အမြန်ဆုံးမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်။
ကျွန်ုပ်တို့၏ အဓိက စံတန်ဖိုးများ
KBZMS ၏ ယဉ်ကျေးမှုအစဉ်အလာနှင့် ယုံကြည်ချက်အရ ကောင်းမွန်မှန်ကန်သော အပြုအမှုများကိုလုပ်ဆောင်ရန် လမ်းညွှန်ပြသဖို့ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖော်ပြပါ စံတန်ဖိုး (၃) ချက်ကို အစဉ်အမြဲ လက်ဆွဲကိုင်ပြီး ထိရောက်သော အာမခံဝန်ဆောင်မှုများပေးစွမ်းလျက်ရှိသည်။
ကျွန်ုပ်တို့၏ ကတိကဝတ်များ
ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ ပြောင်မြောက်သော ဝန်ဆောင်မှုများကို ပေးနိုင်ရန်အောက်ပါအတိုင်း ကတိပြုပါသည်။
ကျွန်ုပ်တို့၏ Customer များ အထူးစိတ်ကျေနပ်မှုရရှိစေသည့် ဝန်ဆောင်မှုများကိုသာ အကောင်းမွန်ဆုံးဆောင်ရွက်ပေးခြင်း။
Customer များ၏ လျော်ကြေးတောင်းဆိုမှချက်များအား အချိန်တိုအတွင်း လျှင်မြန်ထိရောက်စွာရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း။
တိကျသော အာမခံပေါ်လစီများနှင့် ပြင်ဆင်ချက်များကို အချိန်နှင့် တပြေးညီ စီမံဆောင်ရွက်ပေးခြင်း။
ကျွန်ုပ်တို့၏ ဂုဏ်သတင်းအား ကျင့်ဝတ်သိက္ခာနှင့်အညီ ထိန်းသိမ်းခြင်း။