ပြင်းထန်သောရောဂါကုသမှုအာမခံ
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- မှတ်ပုံတင်မိတ္တူ
- အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ
အာမခံထားသူမှ အာမခံပေါ်စီရပ်စဲခြင်းကြောင့် ပရီမီယံပြန်အမ်းငွေကို ခံစားခွင့် မရှိပါ။
ဝယ်ယူနိုင်ပါသည်၊ အကာအကွယ်ရရှိရန် အစုအဖွဲ့တွင် အနည်းဆုံး ဝန်ထမ်းများ/ အဖွဲ့ဝင်များ (၅) ဦး ပါရှိရမည် ဖြစ်ပါသည်။
ပြင်းထန်သောရောဂါကုသမှုအာမခံသည် ပေါ်လစီစည်းကမ်းချက်များတွင် ဖော်ပြထားသော ပြင်းထန်သောရောဂါ (၁၀) မျိုးအတွက်သာ အကျုံးဝင်ပါသည်။ ဖော်ပြထားသော ပြင်းထန် ရောဂါ(၁၀)မျိုးတွင်မပါရှိခဲ့ပါလျှင် အကာအကွယ်ရရှိနိုင်မည် မဟုတ်ပါ။ ကျန်းမာရေးအာမခံသည် မတော်တဆဖြစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဆေးရုံ/ဆေးခန်းပြခြင်းများ အပါအဝင် ဆေးကုသခြင်းများကို အကာအကွယ်ပေးပါသည်။
ပြင်းထန်သောရောဂါကုသမှုအာမခံအတွက် သင်၏ အာမခံထားငွေပမာဏကို အနည်းဆုံး ၁ ယူနစ် မှ အများဆုံး ၁၀ ယူနစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ၁ ယူနစ်လျှင် အာမခံထားငွေ ကျပ် ၁,၀၀၀,၀၀၀ နှင့် ညီမျှပါသည်။
အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့် များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ် အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
မတော်တဆမှုဖြစ်တဲ့အခါ KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- လျော်ကြေးတောင်းဆိုမှုဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များ (ပြင်းထန်သော ရောဂါဖြစ်ခြင်း/သေဆုံးခြင်း)
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
- ဆေးကုသမှုမှတ်တမ်းများ နှင့် ငွေတောင်းခံလွှာများ
သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သော စာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။
ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေး အကြောင်း ကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီသက်တမ်းအတွက် ပရီမီယံကြေးပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည်ဖြစ်သော်လည်း လျော်ကြေးပေးချေပြီးလျှင် ပေါ်လစီရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။v
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။