Personal Lines Insurance
KBZMS သည် တစ်သီးပုဂ္ဂလနှင့် လုပ်ငန်းသုံး နှစ်ခုလုံးအတွက် အဆင်ပြေအံဝင်ခွင်ကျစေမည့် Personal Lines Insurance
အာမခံဝန်ဆောင်မှုများကို စီစဉ်ပေးထားပါသည်။ ကျွန်ုပ်တို့၏ အာမခံဝန်ဆောင်မှုများတွင် မိမိပိုင်ဆိုင်သည့်ပစ္စည်းများအာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွား အာမခံနှင့် ငွေသားနှင့်ပတ်သက်သောအာမခံများ စသည့်တို့ပါဝင်ပါသည်။
Personal Lines Insurance
Travel Protect Insurance
ပြည်တွင်းပြည်ပ ၂ ခုစလုံးအတွက် ဝယ်ယူနိုင်ပြီး အသွားအပြန်ခရီးစဥ်နှင့် တစ်ကြောင်းစာခရီးစဥ် ဟူ၍ခွဲခြားထားသည်။ အသွားအပြန်ခရီးစဉ်သည် မြန်မာနိုင်ငံတွင်စတင်ကာ မြန်မာနိုင်ငံတွင်ပြီးဆုံးရမည် ဖြစ်သည်။ တစ်ကြောင်းစာခရီးစဉ်သည် မြန်မာနိုင်ငံတွင် စတင်ခြင်း သို့မဟုတ် ပြီးဆုံးခြင်း ဖြစ်ရမည်။
Personal Lines Insurance
ခရီးသွားအာမခံ
ကျွန်ုပ်တို့၏ပြည်တွင်း/ပြည်ပခရီးသွားအာမခံ၊ မိုင် (၁၀၀) အောက် ခရီးသွားအာမခံနှင့် အထူးခရီးသွားအာမခံတို့ဖြင့် စိတ်ပူပင်စရာ ကင်းမဲ့သော ခရီးစဉ်တစ်ခုကို ဖြတ်သန်းလိုက်ပါ။ မမျှော်လင့်ထားသော ခရီးသွားပြဿနာများမှ အကာအကွယ်ရယူကာ အသိပညာဗဟုသုတများဖြင့် စတိုင်လ်ကျကျ ခရီးသွားလိုက်ပါ။
Personal Lines Insurance
ငွေသားလုံခြုံမှုအာမခံ
အောင်မြင်သော လုပ်ငန်းတိုင်းသည် ဖောက်ထွင်းမှု သို့မဟုတ် ခိုးယူမှုမှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများမှ အပြည့်အဝ ကာကွယ်မှုရရှိရန် လိုအပ်ပါသည်။ KBZMS ၏ ငွေသားလုံခြုံမှု အာမခံပေါ်လစီသည် သင့်လုပ်ငန်းဉပစာအတွင်းရှိ သိမ်းဆည်းထားသော ငွေများဆုံးရှုံးခြင်းအတွက် သင့်အား အာမခံလျော်ကြေးပေးပါသည်။
Personal Lines Insurance
သမာဓိအာမခံ
အကောင်းဆုံးထိန်းချုပ်မှုများနှင့် အပြန်အလှန်ထိန်းညှိမှုများရှိနေသော်လည်း မည်သည့်လုပ်ငန်းမှ လိမ်လည်ရန်ကြိုးစားခြင်းတွင် ခုခံနိုင်စွမ်းမရှိပါ။ သမာဓိ အာမခံသည် အလုပ်ရှင်များအား ထိုသို့ကြုံတွေ့မှုများမှ ကာကွယ်ပေးပါသည်။ လူကြီးမင်းတို့လုပ်ငန်း၏ အန္တရာယ်များကို ထိန်းချုပ်ပြီး ယနေ့ပင် မိမိကိုယ်ကို ကာကွယ်လိုက်ပါ။