အလုပ်ခွင်ပတ်ဝန်းကျင်

KBZMS General Insurance ၏ လုပ်ငန်းခွင်ကို မေတ္တာ, သတ္တိ နှင့် ဝိရိယ တို့အပေါ်အခြေခံ၍ တည်ဆောက်ထားပါသည်။

မေတ္တာ (သနားကြင်နာမှု)

မေတ္တာဆိုသည့်စကားအတိုင်း ဝန်ထမ်းတိုင်း ချင်းချင်း မေတ္တာ နှင့် အကူအညီပေးပြီး တန်ဖိုးထားလေးစားခြင်းခံရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးထားသည်။ လုပ်ဖော်ကိုင်ဖက်များအချင်းချင်း Personal နှင့် Professional နှစ်ခုလုံး တိုးတက်နိုင်စေရန် အပြန်အလှန် ကူညီပေးသော အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ပေးနေသည်ဟုလည်း ခံယူထားပါသည်။ ဤကဲ့သို့ သနားကြင်နာတတ်သောစိတ်ဖြင့်သာ အသင်းအဖွဲ့စိတ်ဓာတ်ကို ခိုင်မာလာစေပြီး၊ လူတိုင်းကိုလည်း ပိုမိုကောင်းမွန်သော အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ခံစားမိစေမည်ဖြစ်ပါသည်။

သတ္တိ (ရဲရင့်မှု)

သတ္တိ ဆိုသည့် စကားအတိုင်း KBZMS သည် ဝန်ထမ်းများအား ရဲရင့်စွာ ဦးဆောင်နိုင်မှုနှင့် စိန်ခေါ်မှုများကို ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်နိုင်စွမ်းရှိမှုကို အားပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကုမ္ပဏီအနေဖြင့် စွန့်စားမှု ရှိမှသာ အောင်မြင်တိုးတက်မှု ရှိမည်ကို လက်ခံထားသည့် အတွက် Innovation နှင့် Creativityကို အားပေးအားမြှောက်ပြုသည်။ ကုမ္ပဏီအကြီးအကဲများကလည်း အသစ်အသစ်သော အကြံဉာဏ်များကို လက်ခံနား‌ထောင် ဆွေးနွေးတတ်သော အလေ့အထကို အားပေးသည့် အပြင် နေ့စဥ်ကျင့်သုံးကြရန် တိုက်တွန်းကြသည်။

ဝီရိယ (ဇွဲ)

ဝီရိယဆိုသည်မှာ အောင်မြင်ထူးချွန်ရန် မဆုတ်မနစ် ကြိုးစားခြင်းကို ဆိုလိုသည်။ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုသည် အတားအဆီးများကို ကျော်လွှားပြီး ကျွန်ုပ်တို့၏ပန်းတိုင်များအောင်မြင်ရန် သော့ချက်ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် အသိအမှတ်ပြုပါသည်။ KBZMS တွင် ခံနိုင်ရည်ရှိမှုနှင့် စိတ်ဓာတ်ခိုင်မှာမှုကြောင့်ရရှိလာသော အောင်မြင်မှုတိုင်းကို အသိအမှတ်ပြု အောင်ပွဲခံလေ့ရှိသည်။ KBZMS ရှိဝန်ထမ်းတိုင်းသည် မည်သို့သောအခက်အခဲပင် ရင်ဆိုင်ရပါစေ အကောင်းဆုံး ရလဒ်များကိုပေးနိုင်ရမည်ဟူသော ကတိကဝတ်အတိုင်း အလုပ်လုပ်ကြသည်။

ကျွန်ုပ်တို့၏ ဓလေ့

ဓလေ့ ဟုဆိုလိုက်လျင် ကျွန်ုပ်တို့ မည့်သို့ ပျော်ကြပါးကြသည်ကိုသာ ဆိုလိုခြင်းမဟုတ်ပဲ မည်သို့ အလုပ်လုပ်ကြသည် ကိုပါ ပြောခြင်းဖြစ်သည်။ KBZMS ၏ ယဥ်ကျေးမှုဓလေ့ သည် မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုပဲ လူတိုင်း အပြန်အလှန်လေးစား မှုကိုအရင်းခံသည်။ အလုပ်လုပ်သည့်အခါတိုင်းတွင် အသင်းအဖွဲ့စိတ်ဓာတ်နှင့် အဖွဲ့အစည်းကို ရှေ့တန်းတင်ထားကာ လုပ်ဖော်ကိုင်ဖက်အဆင့်မှသည် သူငယ်ချင်းများ ဖြစ်လာ ပြီး အလုပ်ကို ပျော်ရွှင်စွာလုပ်နိုင်စေသော ဖော်ရွေသော လုပ်ငန်းခွင်ကိုဖန်တီးထားသည်။ ကျွန်ုပ်တို့၏ အဖွဲအစည်းပိုမို ခိုင်မြဲလာစေရန် နှင့် ဝန်ထမ်းများအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးနှင့် ကုမ္ပဏီ၏တန်ဖိုးထားမှုကို ခံစားမိစေရန် Team Building Activities များနှင့် လူမှုရေး ပွဲလမ်းသဘင်များကို ကုမ္ပဏီမှ အမြဲကျင်းပပေးလေ့ရှိသည်။

ဝန်ထမ်းများ၏ စိတ်နှင့်ခန္ဓာကျန်းမာရေး

ကျွန်ုပ်တို့အနေဖြင့် ဝန်ထမ်းများ‌ပျော်ရွှင်မှသာ အလုပ်ပိုပြီးမြောက်သည်ဟု နားလည်လက်ခံထားသည်။ ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုများ၊ စိတ်ကျန်းမာရေး ပံ့ပိုးမှုနှင့် အခြားပျော်ရွှင်စရာ လှုပ်ရှားမှုများ ပါ၀င်သည့် ကျွန်ုပ်တို့၏ ဝန်ထမ်းကျန်းမာရေး အစီအစဉ်များကြောင့် ဝန်ထမ်းများကို ကျန်းမာရေးကောင်းပြီး အလုပ်နှင့် ဘဝ ဟန်ချက်ညီမျှမှုရှိနေစေသည်။ ကုမ္ပဏီမှ ဝန်ထမ်းများ၏ ကျန်းမာရေးကို အပြည့်အဝ ဦးစားပေးပြီး အလုပ်တွင်ဖြစ်စေ ကိုယ်ပိုင်ဘဝတွင်ဖြစ်စေ အောင်မြင်နိုင်စေရန် အထောက်အပံ့များ ပံ့ပိုးပေးထားသည်။

ဝန်ထမ်းများ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်ုပ်တို့၏ကတိ

ကုမ္ပဏီအနေဖြင့် ဝန်ထမ်းတိုင်း အဆက်မပြတ် တိုးတက်မှုရှိရမည်ဟု လက်ခံယုံကြည်ထားသည် ။ ပုံမှန် သင်တန်းများ၊ Mentor နှင့် လက်တွဲခေါ်သည့် အစီအစဉ်များရှိသည့်အပြင် အလုပ်အကိုင် တိုးတက်မှု အခွင့်အလမ်းများပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ဝန်းထမ်းများ အလုပ်ကို ထူးချွန်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်သော အသိပညာအတတ်ပညာများကို ဖြည့်ဆည်းပေးပါသည်။ ဝန်ထမ်းများ၏ Professional

ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ကိုယ်ပိုင်တိုးတက်မှုရှိစေရန် ကတိပြုထားသည့် အတွက် အမျိုးမျိုးသော ကျန်းမာရေးအစီအစဉ်များနှင့် အလုပ်-ဘဝချိန်ခွင်မှု အစီအစဉ်များဖြင့် ကိုလည်း ကုမ္ပဏီမှ ပံ့ပိုးပေးလျက်ရှိပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment