KBZMS နှင့် Yangon Japan Medical Center (YJMC) တို့ ပူးပေါင်းကာ Medical Checkup များကို ပြုလုပ်ခြင်းဖြင့် KBZMS Personal Accident (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ)
ကိုလက်ဆောင်ရယူနိုင်မည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးကို စစ်ဆေးနိုင်မည့်အပြင် မျှော်လင့်မထားသောမတော်တဆ ထိခိုက်မှုတွေမှလည်း အကာအကွယ်ရယူပြီးသားဖြစ်ရန် KBZMS က YJMC နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။