Environment, Social and Governance
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းဆောင်ရွက်ချက်များ၊
KBZMS ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေး ပဏာမခြေလှမ်းများသည် ကျွန်ုပ်တို့ထားရှိ သောကတိကဝတ်ဖြစ်သည့် ဂေဟစနစ်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို မြှင့်တင်ရန်ဆိုသည့် အပေါ်တွင် အခြေတည်၍ တွန်းအားပေးလုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် သဘာဝအလင်းရောင်ကို အမြင့်ဆုံးရရှိသော နေရာများတွင် ရုံးခန်းများကို နေရာချထားခြင်းနှင့် ခေတ်မီသောစွမ်းအင်သုံးစွဲမှုသက်သာသည့် နည်းလမ်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော စွမ်းအင်ချွေတာသည့်နည်းပညာများကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်း ကြိုးစားအားထုတ်မှုများတွင် သမားရိုးကျစွမ်းအင်အရင်းအမြစ်အသုံးပြုခြင်းများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် ကျွန်ုပ်တို့၏ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချနိုင်ရန်အတွက် အချို့ KBZMS ရုံးခွဲများတွင် လေအားလျှပ်စစ်သုံးတာဘိုင်များ တပ်ဆင်အသုံးပြုထားရှိပါသည်။ ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းအားဖြင့် စက္ကူသုံးစွဲမှုလျှော့ချရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ကျွန်ုပ်တို့၏ပန်းတိုင်ဖြစ်သည့် ပိုမိုရေရှည်တည်တံ့သောရုံးပတ်ဝန်းကျင်ကို ဖန်တီးစွမ်းဆောင်နိုင်ရန် ထပ်မံပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
လူထုအကျိုးပြုဆောင်ရွက်ချက်များ
KBZMS ၏လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှု အစပျိုးလုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် လူနေမှုဘဝအရည်အသွေးမြှင့်တင်ရန်အတွက် ရည်မှန်းထားသော KBZMS ၏စံတန်ဖိုးများနှင့် ရည်မှန်းချက်များအတွက်သက်သေပြချက်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်များ ပြည့်မှီရန်အတွက် တက်ကြွသောလူမှုအဖွဲ့စည်းပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုကို မြှင့်တင်ရန်၊ ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာမှုကို အထောက်အကူပြုရန်နှင့် ကျွန်ုပ်တို့၏သုံးစွဲသူများအတွက် အာမခံအသိပညာပေးအစီအစဉ်များကိုပံ့ပိုးစီစဥ်ပေးခြင်းဖြင့် ဤရည်မှန်းချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။
လူမှုအဖွဲ့အစည်းပူးပေါင်းဆောင်ရွက်မှုနှင့်ကူညီပံ့ပိုးမှု
ကျွန်ုပ်တို့၏ လူမှုအဖွဲ့စည်းများအပေါ် အထူးပံ့ပိုးမှုအနေဖြင့် ကျန်းမာရေး စောင့်ရှောက်ရာတွင် မှတ်တမ်းပြုစုမှုနည်းပညာနှင့် မကျန်းမာလူနာများစောင့်ရှောက်မှုများအား ပိုမို၍ ကောင်းမွန်စေရန် ရည်မှန်း၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသို့ Huawei Tablet (၈၅) လုံးကို လှူဒါန်းခဲ့ပါသည်။
စေတနာ့ဝန်ထမ်းလုပ်ဆောင်မှု အစီအစဥ်များ
ကျွန်ုပ်တို့၏ဝန်ထမ်းများသည် လူထုကျန်းမာရေးကို ပံ့ပိုးကူညီရန်နှင့်မြှင့်တင်ရန် ရည်ရွယ်၍ နှစ်စဉ် သွေးလှူဒါန်းမှုများနှင့် ဆေးရုံများသို့ အောက်ဆီဂျင်လေရှုစက် လှူဒါန်းဆောင်ရွက်မှုများအပါအဝင် နိုင်ငံတစ်ဝှမ်းစေတနာ့ဝန်ထမ်း လုပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။
ကျားမတန်းတူညီမျှမှုနှင့် မတူကွဲပြားမှုအပေါ်ဆောင်ရွက်ချက်များ
KBZMS တ္ငင်ထားရှိသော ကျွန်ုပ်တို့၏ ကတိကဝတ်ဖြစ်သည့် ကျားမတန်းတူညီမျှဆောင်ရွက်မှုအတွက် ကျွန်ုပ်တို့ နှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေသည့် Business Coalition on Gender Equality (BCGE) ၏လုပ်ငန်းစဥ်များတွင်လည်း ဦးဆောင်ဦးရွက်ပြုလျှက် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ ကျားမတန်းတူညီမျှရေး ဆောင်ရွက်မှုများအနေဖြင့် မိခင်များအတွက် ရုံးတွင်း breastfeeding facilities နှင့် သီးသန့်နေရာများ ထားရှိပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့လှုပ်ရှားမှုအနေဖြင့် Campaign များ ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အသိပညာပေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများနှင့် ကျားမခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး မူဝါဒများဖော်ဆောင်ခြင်း ကဲ့သို့သော လှုပ်ရှားမှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အမျိုးသမီးများသည် ကျွန်ုပ်တို့၏ Board အဖွဲ့၏ 40% နှင့် Management Team ၏ 50% တို့တွင် နေရာယူပါ၀င်နေခြင်းသည် ကျားမတန်းတူညီမျှသောခေါင်းဆောင်မှုနှင့် တန်းတူအခွင့်အရေးများရရှိရန် ကျွန်ုပ်တို့ထားရှိသော ရည်မှန်းချက်ကိုလည်း သိသာထင်ဟပ်စေပါသည်။
ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေး
KBZMS ၏ ချမှတ်ထားသော အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည့် ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးအတွက် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်သည့် ကျန်းမာရေးဆိုင်ရာ အစီအစဥ်များကို ပံ့ပိုးထောက်ပံ့ပေးလျက်ရှိသည်။ ထိုအစီအစဥ်များထဲတွင် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံဉာဏ်ပေးခြင်းအစီအစဥ်များ၊ ကိုယ်ကာယကြံ့ခိုင်လှုပ်ရှားရေးအသင်းများဖွဲ့စည်းခြင်း နှင့် COVID-19 ပံ့ပိုးမှုအစီအစဥ်များ ထည့်သွင်းဆောင်ရွက်လျက်ရှိပါသည်။ကျွန်ုပ်တို့၏ ဝန်ထမ်းများအတွက် သားသမီးစောင့်ရှောက်ရေးခွင့် ( မီးဖွားခွင့် ) စသည့် အခွင့်အရေးများကိုလည်း အပြည့်အဝခံစားစေခြင်းဖြင့် ဝန်ထမ်းများ၏ အရေးကြီးသောအချိန်များတွင် အလုပ်-ဘဝ ညီမျှမှု ကို ဦးစားပေးဆောင်ရွက်ထားလျက်ရှိပါသည်။
ပြီးခဲ့သောနှစ်များအတွင်း ကျွန်ုပ်တို့သည် 2023 ခုနှစ် အောက်တိုဘာလတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပံ့ပိုးကူညီမှုဆိုင်ရာ webinar တစ်ခုကျင်းပခဲ့ပြီး 2024 ခုနှစ် မေလတွင် ကမ္ဘာ့စိတ်ကျန်းမာရေးအသိပညာပေးနေ့အတွက် Clay Art Therapy ကို ကျင်းပခဲ့ပါသည်။ နောင်လာမည့်အနာဂတ်တွင်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပံ့ပိုးကူညီပေးနိုင်ရန် စီစဥ်ဆောင်ရွက်ထားသည့် Yoga၊ Zumba၊ KBZMS အားကစားကလပ်များနှင့် ပိုမိုကောင်းမွန်သော လှုပ်ရှားမှုများဖြင့် ကျွန်ုပ်တို့ KBZMS ဝန်ထမ်းများ၏ကိုယ်ရောစိတ်ပါ ကျန်းမာမှုကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အုပ်ချုပ်မှုစနစ်
KBZMS ၏အုပ်ချုပ်မှုစနစ်တွင်ပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့ကတိကဝတ်များ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်မှုများသည် ပွင့်လင်းမြင်သာမှု၊ သမာသမတ်ရှိမှုနှင့် တာဝန်ခံမှုတို့ကို ထိန်းသိမ်းထားပြီး Risk Management, Compliance နှင့် Human Resources စသည့် ခိုင်မာသောမူဝါဒများ၊ မူဘောင်များဖြင့် ဖွဲ့စည်းထားပါသည်။
အန္တရာယ်များအားစီမံခန့်ခွဲနိုင်မှု
၏ အုပ်ချုပ်မှုမဟာဗျူဟာအတွက် အရေးကြီးသောအခြေခံအချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာစံနှုန်းသက်မှတ်ချက်များကိုလိုက်နာကျင့်သုံးပြီး အန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ အကဲဖြတ်ခြင်းနှင့် လျော့နည်းအောင်လုပ်ဆောင်ခြင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်လာနိုင်ချေရှိသည့်အန္တရာယ်များကိုကြိုတင်ခန့်မှန်းပြီး အစီအစဉ်များဆောင်ရွက်ထားခြင်းဖြင့် စီးပွားရေးလုပ်ငန်း၏ရေရှည်တည်တံ့စေရေးနှင့် အကာအကွယ်ဖြစ်ရေးအတွက် အထောက်အပံ့ရရှိစေပြီး အကျိုးစီးပွားဆိုင်ရာမိတ်ဖက်များ၏ ယုံကြည်မှုကိုလည်း ရရှိစေပါသည်။
စည်းကမ်း လိုက်နာမှု
ဥပဒေများ၊ စည်းမျဉ်းများနှင့် ကျင့်ဝတ်များကို လိုက်နာမှုမရှိခြင်းသည် ကျွန်ုပ်တို့KBZMS၏ အုပ်ချုပ်မှုစနစ်ကို သွေဖယ်သောအရာဖြစ်ပါသည်။ကျွန်ုပ်တို့၏ အုပ်ချုပ်မှုနည်းလမ်းများတွင် ခိုင်မာသောမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများပါဝင်ပြီး သမာသမတ်ရှိမှု၊ တာဝန်ခံမှုတို့ကို ပိုမို၍မြှင့်တင်နိုင်ရန်အတွက် အဓိကထားလုပ်ဆောင်ပါသည်။ ပြောင်းလဲနေသော မူဝါဒများ၊ စည်းမျဉ်းများကို ပြင်ဆင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ စည်းမျဉ်းစည်းကမ်းများ၊မူဝါဒများကို စဉ်ဆက်မပျက်စောင့်ကြည့်လေ့လာမှုများပြုလုပ်ခြင်းဖြင့် အကျိုးစီးပွားဆိုင်ရာ မိတ်ဖက်များ၏ စိတ်ချယုံကြည်မှုကို ထိန်းသိမ်းထားပါသည်။
လူ့စွမ်းအားအရင်းအမြစ်
ကျွန်ုပ်တို့၏ အုပ်ချုပ်မှုဆိုင်ရာကတိကဝတ်များသည် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာမူဝါဒဖြစ်သည့် ဝန်ထမ်းများအားကူညီပံ့ပိုးပေးပြီး အားလုံးပါဝင်နိုင်သည့် ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းတွင်လည်း ပါဝင်သက်ဆိုင်နေပါသည်။ KBZMS သည် ဝန်ထမ်းများ၏ ကျန်းမာသုခပြည့်စုံမှု၊ မတူကွဲပြားမှု၊ ကိုယ်ပိုင်စွမ်းဆောင်ရည်နှင့် အရည်အသွေးပြည့်ဝမှုတို့ကို အလေးထားပါသည်။ တရားမျှတမှုနှင့်အပြန်အလှန်လေးစားမှုရှိခြင်းတို့ကို မြှင့်တင်ခြင်းအားဖြင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းကိုထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ပါသည်။