ငွေသားလုံခြုံမှုအာမခံ
လုပ်ငန်းအမျိုးအစားကို စိစစ်အတည်ပြုရန် လိုအပ်ပါသည်။ ငွေသားလုံခြုံမှုအာမခံသည် ငွေသားအမြောက်အများကို ကိုင်တွယ်ရသည့် လုပ်ငန်းများအတွက် ရည်ရွယ်ထားသော ကြောင့် သင်၏လုပ်ငန်းသည် ငွေသားအမြောက်အများကို မကြာခဏအကြိမ်များစွာ သိမ်းဆည်းထားရခြင်းရှိ/မရှိ ဆုံးဖြတ်ပြီး ဝယ်ယူထားရှိနိုင်သည်။ အသေးစိတ်အချက် အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ငွေသားလုံခြုံမှုအာမခံကို ရယူရန်
- ကျေးဇူးပြု၍ အဆိုလွှာပုံစံကို ဖြည့်စွက်ပေးပါ။
- ကျွန်ုပ်တို့၏ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် တည်နေရာသို့ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ပြီး အန္တရာယ်ကို အကဲဖြတ်ရန်အတွက် ဓာတ်ပုံများရယူခြင်း နှင့် quotation ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါမည်။
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- မျက်မြင်စစ်ဆေးချက်အစီရင်ခံစာ
- ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
- ငွေကိုင်၏မှတ်ပုံတင်/ဝန်ထမ်းကဒ်မိတ္တူ
- ငွေတိုက်တာဝန်ခံ၏မှတ်ပုံတင်/ဝန်ထမ်းကဒ်မိတ္တူ
- အဆောက်အဦး၊ Vault အခန်း နှင့် သိမ်းဆည်းထားမည့်မီးခံသေတ္တာတို့၏ ဓာတ်ပုံများ
- ငွေသွင်းငွေထုတ်မှတ်တမ်းမိတ္တူ (Balance Sheet)ငွေသွင်းငွေထုတ်မှတ်တမ်းမိတ္တူ (Balance Sheet)
ငွေသားလုံခြုံမှုအာမခံတွင် မီးလောင်ခြင်းကြောင့် ပျက်စီးမှုနှင့်ပတ်သက်သော ဆုံးရှုံးမှု များကို အကာအကွယ်မပေးပါ။
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှ တစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှ တစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှ တစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှ တစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ် အချက်အလက်အတွက် Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- လျော်ကြေးတောင်းဆိုမှုဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များ
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
- ငွေသွင်းငွေထုတ်မှတ်တမ်း
- ရဲစခန်း၏ထောက်ခံချက်
သက်ဆိုင်ရာ လျော်ကြေးစစ်ဆေးရေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက် စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။
ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေးအကြောင်းကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီ သက်တမ်းအတွက် ပရီမီယံကြေး ပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။
အာမခံအကာအကွယ်သည် အာမခံသက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။