ငွေပို့ငွေသယ်အာမခံ

ငွေပို့ငွေသယ်အာမခံကို ကျွန်ုပ်ဝယ်ယူနိုင်မလားဆိုတာကို ဘယ်လိုသိနိုင်ပါမလဲ?

လုပ်ငန်းအမျိုးအစားကို စိစစ်အတည်ပြုရန် လိုအပ်ပါသည်။ ငွေပို့ငွေသယ် အာမခံသည် သင်၏လုပ်ငန်းအတွက် ငွေသားအမြောက်အများကို သယ်ယူပို့ဆောင်ရသည့် အခါများတွင် ဝယ်ယူထားရှိနိုင်ပါသည်။  အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ငွေပို့ငွေသယ်အာမခံကို ဘယ်လိုရယူနိုင်မလဲ?

ငွေပို့ငွေသယ်အာမခံကို ရယူရန် ကျေးဇူးပြု၍ အောက်ပါအသေးစိတ်အချက်အလက်များကို ပေးပို့ပါရန်

  • ခရီးစဉ် အစနှင့်အဆုံးတည်နေရာများအပါအဝင် ငွေသယ်ယူမည့် လမ်းကြောင်း
  • သယ်ယူမည့်ခရီးစဉ်တစ်ခေါက်စီအတွက် အာမခံထားမည့်ငွေပမာဏ
  • ငွေသယ်ယူမည့်ယာဉ်အမျိုးအစား (ရုံးသုံးကား သို့မဟုတ် ခရီးသည်တင်ကား သို့မဟုတ် အထူးငွေသယ်ယာဉ်)
  • လမ်းကြောင်းအတွက် လိုက်ပါမည့်သူများ၏ အမည် နှင့် ရာထူးအဆင့်
  • လိုအပ်သောစာရွက်စာတမ်းများနှင့်အတူလျှောက်ထားပြီး အကာအကွယ်ကို စတင် ရယူရန်အတွက် ပရီမီယံကြေး ပေးချေရန် လိုအပ်ပါသည်။
ငွေပို့ငွေသယ်အာမခံထားရှိရန်အတွက် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ?
  • ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
  • ငွေကြေးသယ်ယူပို့ဆောင်မည့် တာဝန်ခံ၏အမည် နှင့် ၎င်း၏ မှတ်ပုံတင်/ ဝန်ထမ်းကဒ်မိတ္တူ
  • သယ်ဆောင်မည့်ယာဉ်အမျိုးအစား၊ ယာဉ်နံပါတ် နှင့် Wheel Tax မိတ္တူ
  • ယာဉ်မောင်းအမည် နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူ
  • သက်ဆိုင်ရာအခြားစာရွက်စာတမ်းများ
ပရီမီယံနှုန်းထားများ မည်သို့ပေးရပါသလဲ။

ငွေပို့ငွေသယ်အာမခံသည် ငွေသားသယ်ဆောင်မည့်ဝန်ထမ်းများ၏ လိမ်လည်မှု သို့မဟုတ် မရိုးဖြောင့်သော လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးဆုံးရှုံးမှုများကို အကာအကွယ် မပေးပါ။ သို့သော်လည်း ဤအကာအကွယ်ကိုရရှိနိုင်ရန် ငွေသယ်ဆောင်မည့်ဝန်ထမ်းများ အတွက် သမာဓိအာမခံ ကို ဝယ်ယူနိုင်ပါသည်။ 

ငွေပို့ငွေသယ်အာမခံနှင့်အတူ သမာဓိအာမခံကို ဝယ်ယူပါက ပရီမီယံ မည်မျှကျသင့်ပါသလဲ?

ငွေပို့ငွေသယ်အာမခံနှင့်အတူတူ သမာဓိအာမခံကို ဝယ်ယူမည်ဆိုပါက ငွေပို့ငွေသယ် အာမခံအတွက် ကျသင့်သည့် စုစုပေါင်းပရီမီယံ၏ ၂၀% ကိုထပ်မံပေးသွင်းရပါမည်။

ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?

ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှ တစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှ တစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှ တစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှ တစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ် အချက်အလက်အတွက် Debit Note တွင်ကြည့်ရှုနိုင်ပါသည်။

လျော်ကြေးတောင်းသည့်အခါတွင် ကျွန်ုပ်ဘာလုပ်ဆောင်သင့်ပါသလဲ?

KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။

  • လျော်ကြေးတောင်းဆိုမှုဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များ 
  • ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
  • ငွေသွင်းငွေထုတ်မှတ်တမ်း
  • ရဲစခန်း‌၏ထောက်ခံချက်

သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။

Personal Lines
Insurance

Commercial Lines 

Insurance

document.addEventListener("DOMContentLoaded", function() { document.querySelector(".see-more-btn").addEventListener("click", function() { var content = document.querySelector(".extra-content"); if (content.style.display === "none" || content.style.display === "") { content.style.display = "block"; this.textContent = "See Less"; } else { content.style.display = "none"; this.textContent = "See More"; } }); });