သမာဓိအာမခံ
သမာဓိအာမခံကို ဝယ်ယူရန်အတွက် လုပ်ငန်းအမျိုးအစားကို စိစစ်အတည်ပြုရန် လိုအပ်ပါသည်။ သမာဓိအာမခံသည် ဝန်ထမ်းများ၏ မရိုးဖြောင့်မှုကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဆုံးရှုံးမှုကို ကာကွယ်ရန် ရည်ရွယ်ထားသော အာမခံအမျိုးအစားဖြစ်ပါသည်။ သင့်ဝန်ထမ်းများကို ငွေကြေးအမြောက်အများကိုင်တွယ်ရန် တာဝန်ပေးထားပါက ဤအာမခံကိုဝယ်ယူပြီး ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ပါသည်။ အသေးစိတ် အချက်အလက်များနှင့် ရှင်းလင်းချက်များ အတွက် မေးခွန်းများရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
သမာဓိအာမခံကိုရယူရန်
- အာမခံကုမ္ပဏီ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရပါမည်။
- လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားပြီး အကာအကွယ်ကို စတင်ရန် အတွက် ပရီမီယံကြေးကို ပေးချေရပါမည်။
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- ဝန်ထမ်းများ၏ မှတ်ပုံတင်/ဝန်ထမ်းကဒ်မိတ္တူ
- သက်ဆိုင်ရာအခြားစာရွက်စာတမ်းများ
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှ တစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှ တစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှ တစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှ တစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ် အချက်အလက်အတွက် Debit Note တွင်ကြည့်ရှုနိုင်ပါသည်။
KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- လျော်ကြေးတောင်းဆိုမှုဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များ
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
- ရဲစခန်း၏ထောက်ခံချက်
သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။
ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေးအကြောင်းကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီသက်တမ်းအတွက် ပရီမီယံကြေး ပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။
အာမခံအကာအကွယ်သည် အာမခံသက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။