မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံ
တစ်ဦးချင်းထားရှိသူများအတွက် :
- မှတ်ပုံတင်မိတ္တူ
ကုမ္ပဏီများအတွက် :
- ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
- အစုရှယ်ယာရှင်များ၏ အချက်အလက်များ
အထွေထွေလိုအပ်ချက်များ
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- ရာဖြတ်အစီရင်ခံစာ (အာမခံထားမည့်အဆောက်အဦများ)
- ဘဏ်ချေးငွေဖြစ်ပါက ဘဏ်ရာဖြတ်အစီအရင်ခံစာလိုအပ်ပါသည်။
- ကိုယ်ပိုင်ထားရှိပါက ရာဖြတ်အစီရင်ခံစာကို KBZMS မှ ရာဖြတ်ပေးပါသည်။
- ပရိဘောဂများ၊ ရွေ့ပြောင်းနိုင်သော/မရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ ပိုင်ဆိုင်သောပစ္စည်းများ နှင့် စက်ယန္တရားများ၏ အသေးစိတ်စာရင်း (အာမခံထားရှိရန်အဆိုပြုပါက)
- ကုန်ပစ္စည်းများ၏ အသေးစိတ်ပစ္စည်းစာရင်း (အာမခံထားရှိရန်အဆိုပြုပါက)
- ဝယ်ယူထားသော တန်ဖိုးအထောက်အထားပြေစာ၊ စာချုပ် သို့မဟုတ် ဈေးနှုန်း မှန်ကန်ကြောင်း ထောက်ခံချက်မိတ္တူ
- Site Plan/Layout Plan (အာမခံထားသောအဆောက်အဦသည် တစ်လုံးထက်ပိုပါက အဆောက်အဦး layout plan)
- အခြားအာမခံထားရှိရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများ
လုပ်ငန်းသုံးပစ္စည်းများအတွက် မီးအာမခံကို ရရှိနိုင်ပါသည်။
မီးအာမခံပေါ်လစီသက်တမ်းကို ၁၀ ရက်၊ ၁ လ၊ ၃ လ၊ ၆ လ သို့မဟုတ် အများဆုံး ၁ နှစ် ဟူ၍ ရွေးချယ်ဝယ်ယူထားရှိနိုင်ပါသည်။
ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုတွင် လျှော့ပေါ့နှုန်း (Discount) ကို လျော်ကြေးမတောင်းဆုကြေး No Claim Bonus (NCB) မှ ရရှိနိုင်ပါသည်။ ယခင်နှစ်ပေါ်လစီသက်တမ်းအတွင်း မည်သည့် လျော်ကြေးတောင်းဆိုမှုကိုမှ မပြုလုပ်ပါက သင်၏ မီးအာမခံပေါ်လစီကို သက်တမ်းတိုးသည့်အခါ ပရီမီယံ၏ ၂၅% အထိ Discount ရရှိမည်ဖြစ်ပါသည်။ ဤလျှော့ပေါ့နှုန်းသည် ယခင်နှစ်၏ စုစုပေါင်းပရီမီယံ နှင့် ယခုနှစ်သက်တမ်းဆက်မည့် အချိန်တွင် ကျသင့်မည့် စုစုပေါင်းပရီမီယံတို့ကို နှိုင်းယှဉ်၍ နည်းသည့်ပမာဏအပေါ်တွင် NCB ကို ခံစားခွင့်ရှိပါသည်။
ကုန်ပစ္စည်းများအတွက် ပုံသေပေါ်လစီဆိုသည်မှာ ပေါ်လစီစတင်ချိန်တွင် ကြိုတင်သတ်မှတ် ထားသည့် ကုန်ပစ္စည်းတန်ဖိုးကို အာမခံထားငွေဟု အခြေခံ၍ ကုန်ပစ္စည်းအဝင်အထွက် စာရင်းအခြေအနေကို တသမတ်တည်းဟု သဘောတူညီထားခြင်းကို ဆိုလိုပါသည်။
ကုန်ပစ္စည်းများအတွက် အကြောင်းကြားပေါ်လစီဆိုသည်မှာ မတည်ငြိမ်သော ကုန်ပစ္စည်း တန်ဖိုးအဝင်အထွက်ရှိသည့် လုပ်ငန်းအတွက် လိုက်လျောညီထွေရှိသော အကာအကွယ်ကို အဆိုပြုသည့် တစ်နှစ်သက်တမ်းပေါ်လစီကို ဆိုလိုပါသည်။ အာမခံထားငွေကို ဆုံးရှုံးချိန်ရှိ ဈေးကွက်ပေါက်ဈေးနှင့်အညီ လစဉ်အကြောင်းကြားတန်ဖိုးများပေါ် အခြေခံ၍ ညှိနှိုင်းပေးပါ သည်။
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့် များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
မတော်တဆမှုဖြစ်တဲ့အခါ KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- မတော်တဆဖြစ်မှုဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များ
- မတော်တဆဖြစ်မှုတည်နေရာ
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။
ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေးအကြောင်းကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီ သက်တမ်းအတွက် ပရီမီယံကြေးပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။