ကျန်းမာရေးအာမခံ
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- မှတ်ပုံတင်မိတ္တူ
- အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ
ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်များကို သီးခြားဝယ်ယူ၍ မရနိုင်ပါ။ ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်များကို ဝယ်ယူထားသော အခြေခံအာမခံ အကာအကွယ်ယူနစ်အရေ အတွက်အထိသာ အများဆုံးဝယ်ယူနိုင်ပါသည်။
သင်၏ အာမခံထားငွေပမာဏကို အနည်းဆုံး ၁ ယူနစ် မှ အများဆုံး ၂၅ ယူနစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ၁ ယူနစ်လျှင် အာမခံထားငွေ ကျပ် ၁,၀၀၀,၀၀၀ နှင့်ညီမျှပါသည်။
သင့်ထံတွင် အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့် များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက်အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
မတော်တဆမှုဖြစ်တဲ့အခါ KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- လျော်ကြေးတောင်းဆိုမှုဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များ (ဆေးရုံတက် ရောက်ရခြင်း/သေဆုံးခြင်း)
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
- ဆေးကုသမှုမှတ်တမ်းများ နှင့် ငွေတောင်းခံလွှာများ
သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သော စာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။
ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေးအကြောင်းကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီ သက်တမ်းအတွက် ပရီမီယံကြေးပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။