ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံ
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- ရေယာဉ်/မော်တော်ယာဉ် လိုင်စင်မိတ္တူ
- ကုန်စည်ပို့ဆောင်ခွင့် လိုင်စင်မိတ္တူ
- ကုန်ပစ္စည်းတန်ဖိုးစာရင်းများ
- သက်ဆိုင်သော အခြားစာရွက်စာတမ်းများ
အာမခံထားငွေ ကျပ်၁၀၀,၀၀၀ လျှင် တံဆိပ်ခေါင်းတန်ဖိုး ၁၀ ကျပ် ကျသင့်ပါသည်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံသည် တစ်စိတ်တစ်ဒေသဆုံးရှုံးမှုများကို အကာ အကွယ်မပေးပါ။ လုံးဝဆုံးရှုံးမှုအတွက်သာ အကာအကွယ်ပေးပါသည်။
အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှ တစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှ တစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှ တစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှ တစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
ဆုံးရှုံးမှုဖြစ်ပွားတဲ့အခါ KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်း အကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- ဆုံးရှုံးမှုဖြစ်ပွားခြင်း၏ ဖြစ်စဉ်အသေးစိတ်အချက်အလက်များ
- ဆုံးရှုံးမှုဖြစ်သောတည်နေရာ
- လျော်ကြေးတောင်းသူထံဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
သက်ဆိုင်ရာလျော်ကြေး(inspection)အဖွဲ့က သင့်ထံသို့ဆက်သွယ်ပြီး အခြားလိုအပ်သော စာရွက်စာတမ်းများကိုပါ ဆက်သွယ်တောင်းဆိုပါလိမ့်မည်။