ရေယာဉ်ကိုယ်ထည်အာမခံ

ရေယာဉ်ကိုယ်ထည်အာမခံကို ဘာကြောင့် လိုအပ်တာလဲ?

အကယ်၍ သင်သည် ရေယာဉ်ပိုင်ရှင်ဖြစ်ပါက သင်၏ ရေယာဉ်အတွက် ပင်လယ်သမုဒ္ဒရာ နှင့် မြစ်ကြောင်းအတွင်း ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်များဖြစ်သော သဘာဝဘေးအန္တရာယ်များ နှင့်  ပင်လယ်ဓားပြကဲ့သို့သောအန္တရာယ်များမှ ကာကွယ်ရန် ရေယာဉ်ကိုယ်ထည်အာမခံကို ဝယ်ယူနိုင်ပါသည်။ ဤအာမခံသည် သင်၏ရေယာဉ်အတွက် ပင်လယ်သမုဒ္ဒရာ နှင့် မြစ်ကြောင်းအတွင်း ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်များကြောင့် ရေယာဉ်ကိုယ်ထည် နှင့် စက်ပစ္စည်းများ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကိုလည်း အကာအကွယ်ပေးပါသည်။

ရေယာဉ်ရောင်းချသူများ သို့မဟုတ် ကုန်သည်များသည်လည်း ရေယာဉ်ကိုယ်ထည် အာမခံကို လိုအပ်ပါသလား?

မလိုအပ်ပါ။ ရေယာဉ်ပိုင်ရှင်အများစုသည် နှစ်စဉ်ပေါ်လစီကို ဝယ်ယူနိုင်သော်လည်း တစ်ခါ တစ်ရံတွင် ကုန်သည်များသည် ရေယာဉ်ငှားရမ်းမှုအတွက် ရေယာဉ်ကိုယ်ထည်အာမခံကို ခရီးတစ်ခေါက်ပေါ်လစီအနေဖြင့် ဝယ်ယူနိုင်ပါသည်။

ရေယာဉ်ကိုယ်ထည်အာမခံ ထားရှိရန်အတွက် ဘာစာရွက်စာတမ်းများ လိုအပ်ပါသလဲ?
  • ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
  • ရာဖြတ်အစီရင်ခံစာ/ဝယ်ရောင်းစာချုပ်
  • ရေယာဉ်၏ ဓာတ်ပုံများ (ရှေ့၊ နောက်၊ ဝဲ၊ ယာ နှင့် စက်ခန်းဓာတ်ပုံ)
  • ရေယာဉ်လိုင်စင်မိတ္တူ
  • LSA Certificate (ကမ်းရိုးတန်းသွားရေယာဉ်များအတွက်သာ)
  • လုပ်ငန်းလိုင်စင်မိတ္တူ
  • Load Line Certificate မိတ္တူ
  • ရေယာဉ်မှူး၏အောင်လက်မှတ်မိတ္တူ/‌ရေယာဉ်မှူး၏ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
  • သက်ဆိုင်သော အခြားစာရွက်စာတမ်းများ
ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ?

အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?

ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှ တစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှ တစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှ တစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှ တစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။

ဆုံးရှုံးမှုဖြစ်ပွားတဲ့အခါ ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ။

ဆုံးရှုံးမှုဖြစ်ပွားတဲ့အခါ KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်း ကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။

  • ဆုံးရှုံးမှုဖြစ်ပွားခြင်း၏ ဖြစ်စဉ်အသေးစိတ်အချက်အလက်များ
  • ဆုံးရှုံးမှုဖြစ်သောတည်နေရာ
  • လျော်ကြေးတောင်းသူထံဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)

သက်ဆိုင်ရာလျော်ကြေး(inspection)အဖွဲ့က သင့်ထံသို့ဆက်သွယ်ပြီး အခြားလိုအပ်သော စာရွက်စာတမ်းများကိုပါ ဆက်သွယ်တောင်းဆိုပါလိမ့်မည်။

ကျွန်ုပ်၏ ပေါ်လစီကို ဘယ်လိုသက်တမ်းတိုးနိုင်ပါသလဲ?

ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေး အကြောင်းကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီ သက်တမ်းအတွက် ပရီမီယံကြေး ပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။

အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ဘယ်အချိန်အထိ အကျုံးဝင်ပါသလဲ?

အာမခံအကာအကွယ်သည် အာမခံသက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန်အထိ အကျုံးဝင်ပါသည်။

ရေယာဉ်ကိုယ်ထည် အာမခံကို KBZMS ရုံးခွဲတိုင်းမှာဝယ်လို့ရပါသလား။

ဝယ်လို့ရပါတယ်ရှင့်။ KBZMS ရုံးများသို့ တိုက်ရိုက်လာ၍ဖြစ်စေ ၊ အာမခံကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ဝယ်ယူနိုင်ပါသည်။

လျော်ကြေးဖြစ်ပြီဆိုမည်သို့ ဆောင်ရွက်ရမည်နည်း။

လျော်ကြေးတစ်စုံတစ်ရာဖြစ်ပြီ ဆိုပါက KBZMS Call Centre သို့ချက်ချင်းအကြောင်းကြားပေးရပါမယ်ရှင့်။
သက်ဆိုင်ရာ Claims အဖွဲ့မှချက်ချင်း ပြန်လည် ဆက်သွယ်ပေးပါမယ်ရှင့်။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment