‌မော်တော်ယာဉ်အာမခံ

မော်တော်ယာဉ်အာမခံပေါ်လစီထားရှိရန်အတွက် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါ သလဲ?
  • ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
  • မော်တော်ယာဉ်သက်သေခံလက်မှတ် (Wheel Tax)
  • မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (Owner Book)
  • မော်တော်ယာဉ်အရောင်းအဝယ်စာချုပ် (Sales Invoice) 
  • Customer မှတ်ပုံတင်
  • ယာဉ်မောင်းလိုင်စင်
  • လုပ်ငန်းသုံးယာဉ်များအတွက် မော်တော်ယာဉ်လုပ်ငန်းလိုင်စင် 
  • မော်တော်ယာဉ်နှင့်သက်ဆိုင်သောအခြားစာရွက်စာတမ်းများ
ကျွန်ုပ်၏ မော်တော်ယာဉ်အာမခံပေါ်လစီသက်တမ်းပျက်သွားပါက ဘာဖြစ်သွားနိုင်မလဲ?

သင်၏ မော်တော်ယာဉ်အာမခံပေါ်လစီသက်တမ်းပျက်သွားပါက မည်သည့် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ပေးလျော်ရန်တာဝန်ရှိမှုကိုမှ အကာအကွယ်ရရှိနိုင်မည် မဟုတ်ပါ။ လျော်ကြေး မတောင်းဆုကြေးအကျိုးခံစားခွင့်ကိုလည်း ဆုံးရှုံးသွားမည် ဖြစ်ပါသည်။ အကာအကွယ်ကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းထားရန် အာမခံသက်တမ်းမကုန်ဆုံးမီ သင်၏ မော်တော်ယာဉ်ပေါ်လစီကို သက်တမ်းတိုးရန် အရေးကြီးပါသည်။

ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ?

သင့်ထံတွင် အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နုတ်ဖြတ်ငွေ (excess) ဆိုတာဘာလဲ?

နုတ်ဖြတ်ငွေသည် ပေါ်လစီအရ လျော်ကြေးတောင်းဆိုမှု တစ်ခုချင်းစီနှင့် စပ်လျဉ်း၍ အာမခံ ထားသူက ဦးစွာကျခံရမည့် တန်ဖိုးကို ဆိုလိုပါသည်။

ပိုမိုကောင်းမွန်လာခြင်း (betterment) ဆိုတာဘာလဲ?

အကယ်၍ သင်၏မော်တော်ယာဉ်သည် အစားထိုးပစ္စည်းများဖြင့် ပြုပြင်ရာတွင် ပစ္စည်း အသစ်များ သုံးစွဲရခြင်းကြောင့် သင်၏မော်တော်ယာဉ်အနေဖြင့် ပျက်စီးမှုမဖြစ်မီက ရှိခဲ့သော အခြေအနေထက်ပိုမိုကောင်းမွန်သွားမည်ဖြစ်ပြီး သင့်အနေဖြင့်ပစ္စည်းအသစ်ထည့်ဝင်ခြင်း ကြောင့် သင်၏မော်တော်ယာဉ် အရည်အသွေး ပိုမိုကောင်းမွန်လာခြင်းအတွက် ကျသင့်သည့် အချိုးဝေစုစရိတ်ကိုပူးပေါင်းထည့်ဝင်ရန်လိုအပ်သည်ကိုဆိုလိုပါသည်။ အပိုပရီမီယံထပ်မံပေးဆောင်ခြင်းဖြင့် Betterment အကာအကွယ်သည် သင်ဝယ်ယူနိုင်သော အပိုအကာအကွယ်တစ်ခုဖြစ်ပါသည်။

“Acts of God” အကာအကွယ်အောက်တွင် မည်သည့်မတော်တဆမှုများကို အကာအကွယ် ပေးထားပါသလဲ?

“Acts of God” အကာအကွယ်သည် ရေကြီးရေလျှံခြင်း၊  တိုင်ဖုန်း၊ ဟာရီကိန်း၊ လေပြင်း မုန်တိုင်း၊ မိုးသက်မုန်တိုင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မြေကျွံခြင်း စသဖြင့် အကာအကွယ်ပေးပါသည်။ အပိုပရီမီယံထပ်မံပေးဆောင်ခြင်းဖြင့် “Acts of God” အကာအကွယ်သည် သင်ဝယ်ယူနိုင်သော အပိုအကာအကွယ်တစ်ခုဖြစ်ပါသည်။

ပရီမီယံပေးချေမှုတွင် လျှော့ပေါ့နှုန်း (Discount) ကို မည်သို့ရနိုင်ပါမလဲ?

ပရီမီယံပေးချေမှုတွင် လျှော့ပေါ့နှုန်းကို အုပ်စုလျော့နှုန်း (Fleet Discount) နှင့်/သို့မဟုတ် လျော်ကြေးမတောင်းဆုကြေး(NCB) တို့မှ ရရှိနိုင်ပါသည်။ မော်တော်ယာဉ် (၁၀) စီးနှင့် (၁၀)စီးအထက် တစ်ပြိုင်တည်း အာမခံထားရှိပါက  Fleet Discount ကို ရရှိပါမည်။ (၁၂) လ ဆက်တိုက် လျော်ကြေးတောင်းဆိုမှုမရှိခဲ့ပါလျှင် သက်တမ်းတိုးသည့် အကြိမ်တိုင်း NCB ကို ခံစားခွင့်ရှိပါမည်။ NCB သည် လွှဲပြောင်း၍ မရပါ။

ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?

သင်သည် ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှ တစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှ တစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှ တစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှ တစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။

မတော်တဆမှုဖြစ်ရင် ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ။

သင်အနေဖြင့် မတော်တဆမှုဖြစ်ရင် KBZMS Call Center (+959) 95 007 7000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။

  • ယာဉ်နံပါတ်/လိုင်စင်နံပါတ်ပြားနံပါတ်
  • မတော်တဆဖြစ်မှု၏ အသေးစိတ်အချက်အလက်များ
  • မတော်တဆမှုဖြစ်သောတည်နေရာ 
  • ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
  • ယာဉ်မောင်းအမည်

သက်ဆိုင်ရာလျော်ကြေး(inspection)အဖွဲ့က သင့်ထံသို့ဆက်သွယ်ပြီး အခြားလိုအပ်သော စာရွက်စာတမ်းများကိုပါ ဆက်သွယ်တောင်းဆိုပါလိမ့်မည်။

ကျွန်ုပ်၏ ပေါ်လစီကို ဘယ်လိုသက်တမ်းတိုးနိုင်ပါသလဲ?

သင့်ထံသို့ ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေးအကြောင်းကြားစာပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီသက်တမ်းအတွက် ပရီမီယံကြေး ပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။ 

အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ဘယ်အချိန်အထိ အကျုံးဝင်ပါသလဲ?

အာမခံအကာအကွယ်သည် အာမခံသက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။ 

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment