ခရီးသွားအာမခံ

ခရီးသွားအာမခံထားရှိရန်အတွက် အသက်ကန့်သတ်ချက် ရှိပါသလား?

ခရီးသွားအာမခံသည် အသက်ကန့်သတ်ချက်မရှိဘဲ ခရီးသွားမည့်သူတိုင်းအတွက် ရရှိနိုင် ပါသည်။

ခရီးသွားအာမခံပေါ်လစီတွင် COVID-19 ကို အကာအကွယ်ပေးပါသလား?

ခရီးသွားအာမခံပေါ်လစီတွင် COVID-19 အတွက် အကာအကွယ်ကို မရရှိနိုင်ပါ။ COVID-19 အကာအကွယ်ရရှိရန်အတွက် KBZMS Travel Protect ခရီးသွားအာမခံကို ဝယ်ယူနိုင် ပါသည်။

မော်တော်ယာဉ်ဖြင့် ခရီးသွားရာတွင် မတော်တဆမှုဖြစ်ပွားပါက ခရီးသွားအာမခံက အကာ အကွယ်ပေးပါသလား?

မော်တော်ယာဉ်ဖြင့် ခရီးသွားရာတွင် မတော်တဆမှုဖြစ်ပွားပါက ခရီးသွားအာမခံသည် သင့်အတွက် ဆေးကုသခြင်းအပါအဝင် ဝယ်ယူထားသော အကျိုးခံစားခွင့်များအတိုင်း အကာအကွယ်ပေးပါသည်။ မော်တော်ယာဉ်ပျက်စီးခြင်း သို့မဟုတ် မော်တော်ယာဉ်မှ အခြားသူများကို ထိခိုက်ခြင်းများအတွက် အကာအကွယ်မပေးပါ။

ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ?

သင့်ထံတွင် အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

မတော်တဆမှုဖြစ်ရင် ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ။

ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မတော်တဆမှုဖြစ်ရပ်တစ်ခုခုကြောင့် ဤပေါ်လစီပါ လျော်ကြေးတောင်းဆိုနိုင်သော ရလဒ်တစ်ခုခုကို ကြုံတွေ့ရသည့်အခါ သင်သည် ကျွန်ုပ်တို့၏ KBZMS Call Center (+959) 95 007 7000 ကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။

  • လျော်ကြေးတောင်းဆိုမှုဖြစ်ရပ်၏ အသေးစိတ်အချက်အလက်များ (ထိခိုက်ဒဏ်ရာ ရခြင်း/သေဆုံးခြင်း)
  • ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
  • ဆေးကုသမှုမှတ်တမ်းများ နှင့် ငွေတောင်းခံလွှာများ

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment