Travel Protect Insurance
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ
KBZ Bank၊ UAB နှင့် MOB တို့မှ Bank Insurance Specialist များ အပါအဝင်၊ ကျွန်ုပ်တို့၏ ရုံးခွဲများရှိရာသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့၏ Sales Team မှတစ်ဆင့် Travel Protect ခရီးသွားအာမခံကို ဝယ်ယူနိုင်ပါသည်။ အွန်လိုင်းဝယ်ယူမှုအနေနဲ့ ကျွန်ုပ်တို့၏ website ဖြစ်တဲ့
www.kbzms.com တွင်လည်း တိုက်ရိုက်ရွေးချယ်ဝယ်ယူ ရရှိနိုင်ပါသည်။
အပိုပရီမီယံကြေးထပ်မံပေးဆောင်ခြင်းဖြင့် COVID-19 အပါအဝင် ကူးစက်မြန်ရောဂါအပို အကာအကွယ်ကို ဝယ်ယူနိုင်ပါသည်။
အပြန်ခရီးအတွက် အကာအကွယ်ရယူလိုပါက အပြန်ခရီးအတွက် တစ်ကြောင်းစာခရီးစဉ်ကို ထပ်မံဝယ်ယူသင့်ပါသည်။
သင့်ထံတွင် အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်သည် ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ်အကောင့် များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ website ဖြစ်သော တွင်လည်း တိုက်ရိုက်ဝယ်ယူပြီး ပေးချေနိုင်ပါသည်။
ထိခိုက်ဒဏ်ရာရမှု၊ နာမကျန်းမှု သို့မဟုတ် မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့် ဤပေါ်လစီပါ လျော်ကြေးတောင်းဆိုနိုင်သော ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုတစ်ခုခုကို ကြုံတွေ့ရသည့်အခါ သင်သည် ကျွန်ုပ်တို့၏ KBZMS Call Center (+959) 95 007 7000 ကို အမြန်ဆုံး ဆက်သွယ် ရပါမည်။
- KBZMS သည် မတော်တဆဖြစ်ခြင်း နှင့် ဆုံးရှုံးမှုဖြစ်ရပ်များ၏ သဘောသဘာဝအရ လိုအပ်သည့် အချက်အလက်များ နှင့် စာရွက်စာတမ်းများကို တောင်းခံသွားပါမည်။