Corporate Policies
Compliance
KBZMS အထွေထွေအာမခံကုမ္ပဏီလီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကာကွယ်မှုများ ပြုလုပ်ပါမည်။ ငွေကြေးခဝါချခြင်းသည် ကမ္ဘာနိုင်ငံအရပ်ရပ်ရှိ စည်းမျဉ်းစည်းကမ်းအာဏာပိုင်များနှင့် အစိုးရအဖွဲ့အစည်းများမှ လေးနက်သော စိုးရိမ်ပူပန်စရာကိစ္စနှင့် ကြီးမားသောရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါသည်။ ထို့ကြောင့် KBZMS အထွေထွေအာမခံကုမ္ပဏီလီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာမူဝါဒတစ်ခုရေးဆွဲခဲ့ပြီး ထိုမူဝါဒအပေါ်အခြေခံ၍ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာမူဝါဒ၏ရည်ရွယ်ချက်မှာ ငွေကြေးခဝါချခြင်းနှင့် အကြမ်းဖက်ရန်ပုံငွေများအပါအဝင် သံသယဖြစ်ဖွယ်လှုပ်ရှားမှုများကို ကာကွယ်တားဆီးရန်၊ ရှာဖွေစစ်ဆေးရန်နှင့် အစီရင်ခံရန်ဖြစ်သည်။ အဆိုပါ မူဝါဒသည် အခြားတရားမဝင်ရောင်းဝယ်မှုများကို တားဆီးရန်နှင့် ဝန်ထမ်းများအား စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိရှိဖြင့် တာဝန်များကို ထိရောက်စွာထမ်းဆောင်နိုင်ရေး လမ်းညွှန်ပေးရန်လည်း ဖြစ်သည်။
ဤမူဝါဒ၏ရည်ရွယ်ချက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ၎င်း၏စည်းမျဉ်းစည်းကမ်း ပိုင်းဆိုင်ရာအဖွဲ့အစည်းများမှ အကောင်အထည်ဖော်ထုတ်ပြန်အတည်ပြုထားသည့် ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ နှင့် ညွှန်ကြားချက်များအားလုံးကို လိုက်နာရန်ဖြစ်သည်။ လိုက်နာရန်လိုအပ်သည့် တည်ဆဲဥပဒေများ၊ စည်းမျဉ်းများနှင့် ညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၁၁/၂၀၂၄)
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနည်းဥပဒေ (အမိန့်ကြော်ငြာစာအမှတ်-၁၂၀၁/၂၀၁၅)
အာမခံလုပ်ငန်းလုပ်ကိုင်သူ၊ အာမခံကိုယ်စားလှယ်၊ အာမခံအကျိုးဆောင်များလိုက်နာရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ညွှန်ကြားချက်အမှတ်-၄/၂၀၁၉)
အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ဆိုင်ရာသတင်းအချက်အလက်များကို ထုတ်ဖော်တင်ပြရန် ညွှန်ကြားချက် (ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်အမှတ်-၁၇/၂၀၁၉)
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအမိန့် (နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ်-၄၅/၂၀၁၉)
ဆုံးရှုံးနိုင်ခြေမြင့်မားသည့်နိုင်ငံများနှင့်ပတ်သက်၍လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် (ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ညွှန်ကြားချက်အမှတ်-၈/၂၀၁၉)
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆုံးရှုံးနိုင်ခြေအန္တရာယ် အဆင့်အကဲဖြတ်မှုဆိုင်ရာ လမ်းညွှန်ချက် (ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ညွှန်ကြားချက်အမှတ်-၂/၂၀၂၀)
Risk Management
KBZMS အထွေထွေအာမခံ ကုမ္ပဏီ ၏ Risk Management အပေါ် ထားရှိသောကတိကဝတ်
KBZMS အထွေထွေအာမခံ ကုမ္ပဏီလီမိတက်တွင် ကျွန်ုပ်တို့သည် အကျိုးရှိစွာ Risk Management အဓိကထားပါသည်။ ထိုကြောင့် ရည်ရှည်တည်တံ့သော Corporate Governance တရပ် အနေနှင့် တိုးတက်မှုကို ရယူရန်အတွက် ကောင်းမွန်သည့် Risk Management စနစ်ကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးမျှော်မှန်းချက်များအား အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ရန် ဦးတည်လျက် လုပ်ငန်းစွမ်းဆောင်ရည် ပျက်စီးမှု မဖြစ်စေရန် အထူးကျင့်သုံးခြင်း ဖြစ်ပါသည်။
Risk Management ဆိုင်ရာစည်းကမ်းချက်များ
ကျွန်ုပ်တို့၏ Risk Management ဆိုင်ရာစည်းကမ်းချက်များသည် နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းများအပေါ် အခြေခံပြီး ကာကွယ်ရမည့် စည်းသုံးစည်း (Three-Lines-of-Defense) စနစ်ဖြင့် တည်ဆောက်ထားပါသည်။
ပထမစည်း: ရှေ့တန်းတွင် ဆောင်ရွက်နေသော လုပ်ငန်းပိုင်းဆိုင်ရာဌာနများဖြစ်သည့် operation နှင့် လုပ်ငန်းဌာနများက နေ့စဥ◌်လုပ်ငန်းလုပ်ဆောင်ရာတွင် စွန့်စားမှုများကို စီမံကြပ်မတ်ပါသည်။
ဒုတိယစည်း Risk Management နှင့် သုံးသပ်ချက်များက ကျွန်ုပ်တို့၏ စွန့်စားမှုစီမံမှုပေါ်တည်ရှိသော မဟာဗျူဟာများနှင့် မူဝါဒများ အကျိုးရှိကြောင်း သေချာစေပါသည်။
တတိယစည်း: ကျွန်ုပ်တို့၏ ရုံးတွင်း စစ်ဆေးရေးဌာနက လွတ်လပ်သော စုံစမ်းစစ်ဆေးချက်များဖြင့် Risk Management ပိုမိုကောင်းမွန်စေရန် အကူအညီပေးပါသည်။
Risk Management ၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေခြင်း
KBZMS သည် စွန့်စားမှုရှာဖွေမှုနှင့် စီမံခန့်ခွဲမှုများကို ကြိုတင်လုပ်ဆောင်ခြင်းဖြင့် မျှော်မှန်းချက်များအောင်မြင်ရန် ပထမဆုံးလုပ်ဆောင်နေပါသည်။ Risk များကို အချိန်နှင့်တပြေးညီ ကာကွယ်ပေးရန်နှင့် စီးပွားရေး လုပ်ငန်းပေါင်းများစွာကို အာမခံဖြင့် အကာအကွယ်ပေးရန် ကောင်းမွန်သော စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်များနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ဖြင့် ထိရောက်သော ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
အုပ်ချုပ်မှုနှင့် ကြီးကြပ်မှု
Risk Management ဆိုင်ရာ အုပ်ချုပ်မှုများမှာ ကျွန်ုပ်တို့၏ မူဝါဒများ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ Risk ကို ကောင်းစွာ ကြီးကြပ်စောင့်ရှောက်မှုရရှိရန် ကျွန်ုပ်တို့သည် စံနှုန်းများကို လိုက်နာပြီး Risk Management အတွက် တာဝန်ရှိသူများမှ ကြီးကြပ်ပါသည်။ ထိုကြောင့် စွန့်စားမှုများကို သေချာစွာ ကြီးကြပ်စောင့်ကြည့်နိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်းနှင့် သတင်းပေးပို့နိုင်ခြင်းတို့ကို သေချာစေပါသည်။ အခြေခံအဆောက်အအုံများတွင် Board အဖွဲ့နှင့် အုပ်ချုပ်မှု အဆင့်များတွင် ကြီးကြပ်ရေးကော်မတီများပါဝင်ကြသည်။ ထို့ကြောင့် Risk များကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်နှင့် သေချာစွာ သတင်းပေးပို့နိုင်ရန်အတွက် အဆင့်ဆင့် ပြုလုပ်ဆောင်ရွက်ထားပါသည်။ ကျွန်ုပ်တို့သည် အဖွဲ့အစည်းအတွင်း စွန့်စားမှု အသိပညာကို ရှင်သန်စေကာ လုပ်ငန်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကြိုးစားပါသည်။ ကျွန်ုပ်တို့၏ Risk Management လုပ်ဆောင်ချက်များက ကျွန်ုပ်တို့၏ဖောက်သည်များ၊ Shareholder များ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုတို့၏ ယုံကြည်မှုကို ခိုင်မာရန် ထိန်းသိမ်းထားခြင်းဖြစ်ပါသည်။